I.T Instructor
4.9 (66 ratings)
3 Weeks
ဒီသင်တန်းမှာ JavaScript Language တစ်ခုတည်းကိုပဲ Basic မှစပြီး Advance အထိ အဆင့်ဆင့်လေ့လာသွားရမှာဖြစ်ပါတယ်... Computer Programming နဲ့ပတ်သက်ပြီး တစ်လုံးမှ မသိသေးတဲ့သူတွေ / Programming ကိုနားလည်သလိုလိုတော့ရှိတယ် သိပ်မသိဘူးဆိုတဲ့သူတွေအတွက် ဒီသင်တန်းကနေ ကျွမ်းကျင်ပိုင်နိုင်သွားအောင် မိတ်ဆက်ပေးမှာဖြစ်ပါတယ်... JavaScript ကို ES 5 Version နဲ့ အစကနေစပြီး ES 6 အပါအဝင် နောက်ပိုင်း Version တွေဖြစ်တဲ့ ES Next Version တွေနဲ့ Project ရေးနိုင်တဲ့အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်... ဒါလေးရေးလို့ ဒီလိုလေးထွက်လာတယ်လို့ သင်မှာမဟုတ်ပဲ Code တစ်ကြောင်းချင်းစီရဲ့နောက်ကွယ်မှာ ဘယ်လိုအလုပ်လုပ်တယ် ... ဘာကြောင့် ဒီ Code ကိုရေးရတယ်ဆိုတာကအစ သီအိုရီနဲ့ အသေးစိတ် သင်ကြားပေးသွားမှာဖြစ်ပါတယ်...
Developer တစ်ယောက်အနေနဲ့ Code ရေးတော့မယ်ဆိုရင် သိထားသင့်တာတွေ စဉ်းစားတွေးခေါ်ပုံတွေ Project ရေးဖို့အတွက် ပြင်ဆင်ပုံတွေကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်... JavaScript ရဲ့ အခြေခံပိုင်းမှာဆိုရင် variables, if/else, operators, boolean logic, functions, arrays, objects, loops, strings, စတာတွေကို အသေးစိတ်သင်ပေးသွားမှာဖြစ်ပြီး ES 6 Version မှာပါဝင်တဲ့ arrow functions, destructuring, spread operator အကြောင်းတွေအထိရယ်... JavaScript ရဲ့ OOP Concept တွေဖြစ်တဲ့ Classes, constructors, prototypal inheritance, encapsulation တို့အကြောင်းတွေကိုရှင်းပြမှာဖြစ်ပါတယ်...
ကွန်ပျူတာ တက္ကသိုလ် တက်ရောက်နေဆဲ ညီငယ်/ညီမငယ်တွေနဲ့ နည်းပညာတက္ကသိုလ် IT ဘာသာရပ်အထူးပြုထားတဲ့ ညီငယ်/ညီမငယ်တွေ အဓိကထားတက်ရောက်သင့်ပါတယ်... ဒါ့အပြင် Programming ကို တစ်ကယ်စိတ်ဝင်စားလို့ လေ့လာချင်တဲ့ လူငယ်တွေတက်ရောက်သင့်ပါတယ်...
သင်တန်းကြေး အခမဲ့ Free ဖြစ်ပါတယ်... သင်တန်းတက်ရောက်မယ့် ညီငယ်/ ညီမငယ်တွေအနေနဲ့ 7 -5 - 2021 နောက်ဆုံးထားပြီး Page မှာစာရင်းပေးရမှာဖြစ်ပြီး Page မှာစာရင်းပေးပြီးတာနဲ့ တန်းပြီး Group ထဲထည့်သင်ပေးမှာဖြစ်ပါတယ်... မိမိတို့ BMPS ရဲ့ E Learning Platform ပြီးသွားရင်တော့ အဲ့ဒီ Platform ပေါ်ကနေပဲ သင်ခန်းစာတွေကို ပို့ပေးတော့မှာဖြစ်ပါတယ်... သင်တန်းတက်ရောက်မယ့် ညီငယ်/ ညီမငယ်တွေကိုတောင်းဆိုချင်တာက သင်တန်းအပ်တော့မယ်ဆိုရင် Page ကို Like နဲ့ Share လေးလုပ်ပေးသွားစေချင်ပါတယ်... Video File များကို 1-5-2021 ရက်နေ့မှာ Group ထဲမှာ စတင်တော့မှာဖြစ်ပါတယ်...
ဒီသင်တန်းသည် Online သင်တန်းဖြစ်တဲ့အတွက် ကွန်ပျူတာတော့လိုပါမယ်... Facebook Group မှာ သင်ကြားမယ့်သင်တန်းဖြစ်တဲ့အတွက် Facebook တော့ သုံးတတ်ဖို့လိုအပ်ပါတယ်... နောက်ပြီး HTML / CSS ကို နဲနဲပါးပါးသိထားဖို့လိုအပ်ပါတယ်(လုံးဝမသိထားရင် အဆင်မပြေနိုင်ပါ)... ကျွန်တော်တို့ဘက်က ဘာတွေအာမခံပေးနိုင်မလဲ ဒီသင်တန်းကိုပြီးဆုံးသွားရင် ဘာပရောဂျက်မှရေးနိုင်မှာမဟုတ်ပါဘူး... Language ကိုဉီးစားပေးသင်တာဖြစ်တဲ့အတွက် တစ်ကယ့် Real World Project တွေတော့ ရေးလို့မရနိုင်သေးပါဘူး...ဒါပေမယ့် Programming ဆိုတာဘာလဲဆိုတာရယ် JavaScript ဆိုတာဘာလဲဆိုတာရယ်ကို ကောင်းကောင်းသိသွားမှာဖြစ်ပြီး JavaScript ရဲ့ Framework တွေကို လေ့လာတဲ့ အခါမှာ အရမ်းအထောက်အကူဖြစ်စေမှာဖြစ်ပြီး လေ့လာရတာ အရမ်းလွယ်သွားမှာဖြစ်ပါတယ်...
JavaScript is one of the most popular programming languages in the world. Companies like Walmart, Netflix, and PayPal run big internal applications around JavaScript. If you're looking for a career in web or mobile app development, you MUST know JavaScript well. This course is the ideal starting point for anyone who wants to master the fundamentals of JavaScript. It breaks down modern JavaScript into digestible and easy-to-understand pieces using real-world examples, exercises and step-by-step solutions. No foo-bar-baz nonsense or fluff here!
Right from the beginning, you'll jump in and write your first JavaScript program within minutes.
JavaScript is one of the most popular programming languages in the world. Companies like Walmart, Netflix, and PayPal run big internal applications around JavaScript. If you're looking for a career in web or mobile app development, you MUST know JavaScript well. This course is the ideal starting point for anyone who wants to master the fundamentals of JavaScript. It breaks down modern JavaScript into digestible and easy-to-understand pieces using real-world examples, exercises and step-by-step solutions. No foo-bar-baz nonsense or fluff here!
Find subjects you're passionate about by browsing our online
course categories. Start
learning with top courses Built With Industry Experts.